Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် အလယ်ဘိုကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုစစ်ဆေး


07 Aug,2023

မကွေး      ဩဂုတ်      ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် အလယ်ဘိုကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းဇော်ဟန် နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် အလယ်ဘိုကျေးရွာသောက်‌သုံးရေရရှိရေးကော်မတီဝင်များနှင့်အတူ ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက တင်ဒါရကုမ္ပဏီမှ တာဝန်ခံအား လုပ်ငန်းများအားလုံး သတ်မှတ်အတိုင်းအတာ၊ သတ်မှတ်စံနှုန်းများအတိုင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍားရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေကျပ် ၄၉ ဒသမ ၈၇ သန်းအသုံးပြု၍ အလယ်ဘိုကျေးရွာ၌ ၄ လက်မအကျယ် အနက် ၇၀၀ ပေ စက်ရေတွင်းတူးဖော်ခြင်းနှင့် ၈ ဒသမ ၈ ကီလိုဝပ် ဆိုလာစနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို Dears Brain ကုမ္ပဏီက တာဝန်ယူ၍ ယခုနှစ် ဇွန်လ ၂၇ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၃၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၅၇၃ အိမ်၊ လူ ၂၃၆၂ ဦးနှင့် ကျွဲ နွား တိရစ္ဆာန်များအတွက် သန့်ရှင်းသော သောက်သုံးရေလုံလောက်စွာရရှိမည့်အပြင် ဆိုလာစနစ်ဖြစ်သည့်အတွက် ရေစက်မောင်းနှင်ရာ၌ ဒီဇယ်ဆီဖိုးသက်သာခြင်း၊ ပတ်ဝန်းကျင်ဆူညံမှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ကြောင်း မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm