သံတွဲ ဩဂုတ် ၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမြင့်ဟန်နှင့် တာဝန်ရှိသူများသည် သံတွဲမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်းကြောင့် လမ်း၊ တံတား ရေကျော်ခဲ့သည့် နေရာများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့သည် သံတွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည့် ရွှေကျောင်းပြင်-မှိုဟင်းပြင် လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး လမ်းတာပေါင် ခိုင်ခံ့မှုအတွက် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို စနစ်တကျ စီမံဆောင်ရွက်ကြရန် မှာကြားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်