Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွားမွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


08 Aug,2023

နေပြည်တော် ဩဂုတ် ၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ဩဂုတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လောင်းမြို့နယ်၊ နောင်မွန်းကျေးရွာသို့ သွားရောက်ကာ ရွှေတက်တိုးသမဝါယမအသင်း၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် အသင်းအမှုဆောင်များက လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက နွားစာအတွက် အဲဗားဂရင်းမြက်မျိုးများ တိုးချဲ့စိုက်ပျိုးရန်၊ ဒေသနွားမျိုးအပြင် နိုင်ငံခြားမျိုးများ သားစပ်ထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ရန် မှာကြားကာ အသင်းသားများ၏ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် နောင်တရားမြို့ရှိ နောင်တရား အာလူးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း၏ သဘာဝမြေဩဇာစက်ရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ အသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးက စက်ရုံတည်ဆောက်နေမှုများနှင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းလျာထားချက်များ အတိုင်း လာမည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် သဘာဝမြေဩဇာများကို စတင်ထုတ်လုပ်၍ ဒေသခံတောင်သူများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်ဖြန့်ချိရောင်းချခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရေး၊ ကုန်ကြမ်းများ စဉ်ဆက်မပြတ် ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွက် ရောက်ရှိနေသော စက်ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ပင်းတယမြို့နယ်၊ သရက်ကုန်းတောင်ကေျးရွာရှိ ထွန်း တောက်ကြယ် နွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းအမှုဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံ၍ နွားခြံများအား စနစ်တကျဆောက်လုပ်ရေး၊ ခြံလှောင်စနစ်ဖြင့် မွေးမြူခြင်းမှ ရရှိသော နွားချေးများအား သဘာဝမြေဩဇာအဖြစ် သီးနှံစိုက်ခင်းများတွင် အသုံးပြု ကြရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်  ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးက သရက်ကုန်းတောင်ရွာနှင့် မြောက်ရွာအတွက် အိမ်တိုင်ရာ ရောက် ရေသွယ်တန်းခြင်းလုပ်ငန်းတွင် လိုအပ်သည်များ ပြုပြင်မွမ်းမံဆောင်ရွက်ရန် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေကျပ် သိန်း (၁၅၀) ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ယွန်းလျှံလယ်ယာအထောက်အကူပြုကုမ္ပဏီမှ သရက်ကုန်းတောင်ရွာရှိ ထွန်းတောက်ကြယ် နွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသူ အသင်း သားများ စိုက်ပျိုးရန်အတွက် အဲဗားဂရင်းမြက် ပျိုးပင်များကိုလည်းကောင်း၊ ပြည်လုံးချမ်းသာ ကြီးမြန်သစ်ပင်မျိုး အပင် (၂၀၀) နှင့် စိမ်းစို ဩဂဲနစ်ကွန်ပေါင်း မြေဩဇာများအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် သရက်ကုန်းကျေးရွာရှိ ထွန်းတောက်ကြယ် နွားမွေးမြူရေး နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ မွေးမြူထားသော နွားခြံများအား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm