Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှု အထောက် အကူပြုယူနစ်နှင့် စီမံခန့်ခွဲမှုပညာဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် “အိတ်ထိုးနည်းနှင့် သိုးမွှေး တစ်ချောင်းထိုးနည်းပညာ”သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ


05 Aug,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်နှင့် စီမံခန့်ခွဲမှုပညာဌာနတို့၏ပူးပေါင်းစီစဉ်မှုဖြင့် “အိတ်ထိုးနည်း နှင့် သိုးမွှေးတစ်ချောင်းထိုးနည်းပညာ”   သင်တန်းဖွင့်ပွဲအခမ်းအနားကိုဥတ္တရဆောင်၊ SISU Classroom တွင်ကျင်းပသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ဌာနမှူးများ၊ခေတ္တဌာနမှူးများ၊ဘာသာရပ်တာဝန်ခံများ၊သင်တန်းပို့ချပေးသည့်ဆရာမနှင့်သင်တန်းနည်းပြများ၊စီမံခန့်ခွဲမှုပညာ ဌာနမှဆရာ၊ ဆရာမများနှင့် သင်တန်းသူများစုစုပေါင်း (၁၀၀)ဦးခန့်တက်ရောက်ကြသည်။

“အိတ်ထိုးနည်းနှင့်သိုးမွှေးတစ်ချောင်းထိုးနည်းပညာ”သင်တန်းကို(၄-၈-၂၀၂၃) ရက် နေ့မှ(၁၁-၈-၂၀၂၃)ရက်နေ့အထိ(၈)ရက်ကြာသင်ကြား ပို့ချသွားမည်ဖြစ်ပါသည်။ အဆိုပါ သိုးမွှေးတစ်ချောင်းထိုးနည်းပညာဖြင့်ပြုလုပ်သည့်အဝတ်အစား၊ အသုံးအဆောင်များနှင့် အမျိုးသမီးလက်ကိုင်အိတ်များသည်ရုံးဝန်ထမ်းအမျိုးသမီးများ၊ဆရာမများ၊ကျောင်းသူများရုံးသွားရာတွင်လည်းကောင်း၊ကျောင်းသွားရာတွင်လည်းကောင်း၊ အပြင်သို့သွားရာတွင်လည်းကောင်း ခေတ်မီဟန်ကျလှပစေပြီးအသုံးဝင်မှုလည်းရှိ၍ လက်မှုအနုပညာဈေးကွက်တွင်နှစ်သက်စွာသုံးစွဲကြပြီး“အလုပ်လုပ်ရင်းဝင်ငွေရှာ”၊“ပညာသင်ရင်းဝင်ငွေရှာ”နိုင်သဖြင့်တက္ကသိုလ်၏ Extracurricular Activity အဖြစ်သင်တန်းသူများအထူး နှစ်ခြိုက်သဘောကျစွာ လေ့လာသင်ယူကြကြောင်းသိရှိရပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm