Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်မဲမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်လမ်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး


06 Aug,2023

ကျောက်မဲ  ဩဂုတ် ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်မဲမြို့နယ်၊ ကုန်းကော်ကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ၊ ကျေးရွာနေပြည်သူများ၏လုပ်အားထည့်ဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်း၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကုန်းကော်ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်း ခြင်းလုပ်ငန်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက လမ်းရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်ဆွေးနွေးမှာကြားပါသည်။

အဆိုပါ ကုန်းကော်ကျေးရွာ ကျေးရွာတွင်းလမ်း အရှည်ပေ ၈၀၀ အကျယ် ၁၂ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုတးက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေများအနက်မှ ငွေကျပ် ၁၇၀ သိန်း၊ ကျေးရွာနေပြည်သူများ၏လုပ်အား ထည့်ဝင်မှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများ ကိုယ်တိုင် နိုဝင်ဘာလမှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

နီလာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm