Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


04 Aug,2023

ရှမ်းပြည်နယ်၊ ဩဂုတ်လ ၄ ရက်

            ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေး ဆောင်ရွက်မည့်လုပ်ငန်း အကောင်အထည်ဖော်မည့်  ပင်းတယမြို့နယ်၊ ကျားကုန်းစံပြကျေးရွာတွင် စက်ချုပ် လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၄-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံကိန်း ရေးဆွဲရေးဦးစီးဌာန         ဒုတိယညွှန်ကြားရေးမှူး၊ ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများ နှင့် သင်တန်းသား/သူများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပင်းတယမြို့နယ်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ အမှာစကားပြောကြားခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm