Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


04 Aug,2023

ရန်ကုန်တိုင်း၊ ဩဂုတ်လ ၄ ရက်

            ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အသေးစား၊ အငယ်စားစီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း အကောင်အထည်ဖော်မည့်  ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်၊ စစ်ပင်တောင်ရပ်ကွက်တွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာ သင်ကြားပေးရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၄-၈-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

            သင်တန်းဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးမှူးက သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းသုံးပစ္စည်း များအား ပေးအပ်ခဲ့ပါသည်။

            အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm