Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စလင်းမြို့နယ်၌ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုစစ်ဆေး


07 Aug,2023

       မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ရေလဲ-လက်ပံပင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ဩဂုတ် ၄ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ(၁) (မြို့ပြ) ဒေါ်ချစ်စုပြည့်နှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာချင်းဆက်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ရေလဲ-လက်ပံပင် ကျေးရွာချင်း ဆက်လမ်းမြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ လမ်းတာချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး ကျေးရွာတာဝန်ရှိသူများ၊ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ  သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

     စလင်းမြို့နယ်၌ တိုင်းဒေသကြီးဘဏ္ဍာ ရန်ပုံငွေကျပ် ၃၉ ဒသမ ၃၉၄ သန်းအသုံး ပြုပြီး ရေလဲ- လက်ပံပင်ကျေးရွာချင်းဆက် လမ်း အရှည် ၁ မိုင်၊ အကျယ် ပေ ၂ဝ၊ ထု ၁ ပေရှိသော မြေနီခင်းခြင်းလုပ်ငန်းနှင့် တာလမ်းချဲ့ခြင်းလုပ်ငန်းတို့ကို စလင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ဆောင်ရွက်ခဲ့ရာ ယခုအခါ ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

ကိုနိုင်(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm