Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ “ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ”


07 Aug,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်နေတောင်သူများ မိသားစု ဝင်ငွေတိုးပွား၍ လူမှုစီးပွားဘဝများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လိုအပ်သော သွင်းအားစု၊ အရင်းအနှီးနှင့် နည်းပညာတို့အား ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာစေပြီး မွေးမြူရေးကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့်ဇီဝမြေဩဇာများ ထုတ်လုပ်ရရှိနိုင်စေရန်၊ စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများမှ တိရစ္ဆာန်များအားအာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်ခြင်းဖြင့် အသားထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်လာစေရန်တို့အတွက် ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင် နွားမွေးမြူရေးလုပ်ငန်း များကို သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မြစိမ်းရောင် (သမဝါယမကဏ္ဍ)ဖြင့် မြို့နယ် (၇) မြို့နယ်ရှိကျေးရွာ (၁၄) ရွာ၌နွားကောင်ရေ (၁၅၆၃)ကောင်ကို လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းရန်ပုံငွေဖြင့် မြို့နယ် (၇) မြို့နယ်ရှိ ကျေးရွာယူနစ် (၇) ယူနစ်အတွက် နွားကောင်ရေ (၂၄၅) ကောင်ကိုလည်းကောင်း စုစုပေါင်းနွားကောင်ရေ (၁၈၀၈) ကောင်ကို ဒေသခံတောင်သူများအား သမဝါယမစနစ်ဖြင့်လည်းကောင်း၊ အစုအဖွဲ့များဖြင့်ဖွဲ့၍လည်းကောင်း၊ ချေးငွေများရရှိအောင် ဆောင်ရွက် ပေးခြင်း၊ ခေတ်မီခြံလှောင်စနစ်ဖြင့် မွေးမြူနိုင်ရေး၊ နွားစာအတွက် နေဗီယာမြက်၊ မွန်ဘားစား မြက်များ စိုက်ပျိုးစေခြင်းတို့ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ နည်းပညာနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆက်လက်၍ ပြည်နယ်/တိုင်းဒေသကြီး များတွင် နွားမွေးမြူရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm