Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

Monitoring and Evaluation (M&E) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


04 Aug,2023

နေပြည်တော် ဩဂုတ် ၄

         သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတွင် (M&E)  အဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်ရန်အတွက် Monitornig and Evaluation (M&E) ဆရာဖြစ်သင်တန်း TOT_II သင်တန်း အပတ်စဉ်(၂) ကို (၃-၈-၂၀၂၃)မှ (၄-၈-၂၀၂၃)  ရက်နေ့အထိ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

         ရှေးဦးစွာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဆင်းပွဲ အဖွင့်အမှာစကား ပြောကြားရာတွင်  M&E ဆရာဖြစ်သင်တန်း ဒုတိယအကြိမ် TOT-II  အပတ်စဉ်(၂) ကို (၂)ရက်ကြာပို့ချခဲ့ပြီး ယခုသင်တန်းတွင် M&E Analysis Theory,DRRD M&E Table နှင့် Reporting Theory များကို သင်ကြားပို့ချခဲ့ပြီးဖြစ်ကြောင်း၊ ဒီသင်တန်းမှာ M&E နဲ့ MIS စနစ်များကို ကျွမ်းကျင်သူဆရာများ ဖိတ်ကြားပြီး သင်ကြားပို့ချပေးခဲ့သည့်အတွက် ပို့ချခဲ့သောသင်ခန်းစာများကို ကြိုးစားမှတ်ယူ တီထွင်ပြီးတာဝန်ရှိသူအသီးသီးကလည်း Smart DRRD ဖြစ်ဖို့ လိုအပ်ချက်ဖြစ်တဲ့ M&E နဲ့ MIS ကို Function ဖြစ်အောင်တိုက်တိုက်တွန်းတွန်းကြိုးစားဆောင်ရွက် သွားကြရန်နှင့် သင်တန်းသားများအနေဖြင့် မိမိတို့ နေရာဒေသသို့ရောက်ရှိတဲ့အခါ ယခုသင်ကြားလိုက်သည့် သင်ခန်းစာများကိုအကျိုးရှိရှိ ပြန်လည် အသုံးချ ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်းသိရသည်။

         ဆက်လက်၍ သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးမှ သင်တန်းဆင်းအောင်လက်မှတ်များလက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

        အဆိုပါ Monitornig and Evaluation (M&E) ဆရာဖြစ်သင်တန်း TOT_II သင်တန်း အပတ်စဉ်(၂) ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ (၆) ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ (၁၇)ဦး၊  စုစုပေါင်းသင်တန်းသား/သူ (၂၃)ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm