Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ


04 Aug,2023

ရပ်စောက်၊ ဩဂုတ်  ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ရဿဝတီခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့်တို့က အမှာစကားပြောကြားပြီးနောက် အသင်းသားများ၏ သားသမီးများထဲမှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရအောင်မြင်ခဲ့ သော ကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေမှုစာရင်း များကို ဖတ်ကြားတင်ပြခြင်း၊ ဒါရိုက်တာအဖွဲ့နှင့် အသင်းစာရင်းစစ်အဖွဲ့၏အစီရင်ခံစာများ၊ အမြတ်ခွဲဝေမှုစာရင်းနှင့် ဘဏ္ဍာရေးရှင်းတမ်းများ၊  ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက် များအား ပြန်လည်ဖြေကြားရှင်းလင်းချက်များပြုလုပ်ကာ အသင်းသားဦးရေ (၁၁၁၀) ဦးအား စုဆောင်းငွေပေါ်အတိုးပေးငွေကျပ် (၂၀၈.၄၄၂) သိန်း ထုတ်ပေးခြင်း၊ အစုပေါ်အမြတ်ကျပ် (၅၅.၅၀)သိန်း ထုတ်ပေးခြင်းနှင့် အသင်းသားများအား ဗလာမပါကံစမ်းမဲဖောက်ပေးခဲ့ ကြောင်း သိရသည်။

 

ဆုမွန်

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm