Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပန်းတနော်မြို့နယ်၌ ကျေးလက်လမ်းတံတားလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


03 Aug,2023

ပန်းတနော် ဩဂုတ် ၂

            ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းတံတားလုပ်ငန်းများ အကောင်အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

            ဆက်လက်၍ ပန်းတနော်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပိန်းချောင်း-ဇရပ်လှကြီး- စံကျ-အစုကြီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ ကျုံပတော ချောင်းကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

            ထို့နောက် ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမင်းသိန်း၊ မအူပင်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်အေးနန္ဒာစိုးနှင့် ဦးစီးအရာရှိ(မြို့ပြ)(တာဝန်) ဒေါ်စုမြတ်မွန်တို့က တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၃၀၀ ဖြင့် တည်ဆောက်သော ကျုံပတောချောင်းကူးတံတားမှာ နှစ်ဆက်လုပ်ငန်းဖြစ်ကြောင်း တင်ပြခဲ့ကြရာတွင် ဘဏ္ဍာနှစ် နှစ်နှစ်အတွင်း အပြီးဆောင်ရွက်သွားရန်နှင့် လိုအပ်သည် များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm