Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


02 Aug,2023

ပူတာအို ဩဂုတ်လ  ၂  ရက်

          ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ ဘိန်းစိုက်ပျိုးသည့်မြို့နယ်များတွင် အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး ဆောင်ရွက်မည့်လုပ်ငန်း စီမံကိန်းကို အကောင်အထည်ဖော်မည့် ပူတာအိုမြို့နယ်၊ ပူတောင်းကျေးရွာ တွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ  (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးနိုင်ရန်အတွက် အခြေခံစက်ချုပ်နည်းပညာဖွင့်ပွဲအခမ်းအနားကို ၂-၈-၂၀၂၃ ရက် နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ(၁၅)ဦး စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။

            ဖွင့်ပွဲအခမ်းအနားတွင်  ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စီမံကိန်းလုပ်ငန်းလုပ်ကိုင်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား လုပ်ငန်းသုံးပစ္စည်းများထောင်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၀:၃၀)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန် သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm