မင်းဘူး ဩဂုတ်လ ၂ ရက်
မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းကို အကောင်အထည်ဖော်မည့် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား စက်ချုပ်နည်းပညာသင်ကြားပေးနိုင်ရန်အတွက် ဖွင့်ပွဲအခမ်းအနားကို ၂-၈-၂၀၂၃ ရက် နံနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ သင်တန်းသုံး သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မကွေတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦစီးဌာနမှ တာဝန်ရှိသူများ၊ မင်းဘူးခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖနှင့် လုပ်ငန်းဆောင်ရွက်မည့်သူများ စုစုပေါင်း(၃၇)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ် (၁၀) သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်