Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံခရိုင်၌ အခြေခံဖုန်းပြင်သင်တန်းဖွင့်ပွဲကျင်းပ


04 Aug,2023

ဘားအံ         ဩဂုတ်          ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံဖုန်းပြင်သင်တန်းဖွင့်ပွဲကိုအခမ်းအနားကို ဩဂုတ် ၃ ရက်နေ့ နံနက် ၉ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးရန်မျိုးနိုင်က သင်တန်း အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်က အခြေခံဖုန်းပြင်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာက သင်တန်းတွင် သင်ကြားပို့ချမည့် ဖုန်းပြုပြင်ခြင်းဆိုင်ရာ ဘာသာရပ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်နှင့် တာဝန်ရှိသူများက သင်တန်းသူသင်တန်းသားများထံသို့ သင်တန်းတွင်အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို ဩဂုတ် ၃ ရက်နေ့မှ ၁၂ ရက်နေ့ထိ ၁၀ ရက်ကြာ ကျွမ်းကျင်နည်းပြများက စာတွေ့လက်တွေ့ဖြင့် အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘားအံခရိုင်အတွင်းရှိခေတ်မီစံပြကျေးရွာများမှ သင်တန်းသူသင်တန်းသား ၁၁ ဦး နှင့် အခြားစိတ်ပါဝင်စားသည့်ကျေးရွာများမှ သင်တန်းသူသင်တန်းသား ၆ ဦး၊ စုစုပေါင်း ၁၇ ဦး တက်ခဲ့ကြောင်း ဘားအံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm