တောင်ကြီး၊ ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၁ - ၂၀၂၂ Mini budget နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး၊ စုဆောင်းငွေပေါ်အတိုးနှင့် အမြတ်ငွေများထုတ်ပေး ခြင်း၊ အသင်းသား သား/သမီးများ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ဂုဏ်ထူးရရှိသူများကို ဆုချီးမြှင့်ခြင်း အခမ်းအနားကို မူဆယ်မြို့ရှိ အိမ်တွင်းမှုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အသင်း အမှုဆောင်အဖွဲ့က ဘဏ္ဍာရေးရှင်းတမ်းများဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်ခြင်းနှင့် အတည်ပြုချက်များရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်ပြီး အသင်းသားများ၏ သား/သမီးများမှ ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူ(၅)ဦးအား (၁)ဘာသာလျှင် (၃၀၀၀၀)နှုန်းဖြင့် ငွေကျပ် (၄.၅)သိန်း၊ မြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် လိုအပ်လျက်ရှိသည့် စာသင်ခုံ (၁၅)စုံအတွက် ငွေကျပ် (၁၇)သိန်းလှူဒါန်းခြင်း၊ အသင်းသားများ၏ အစုပေါ်အမြတ်နှင့် စုဆောင်းငွေပေါ်အတိုး (၃၁၄.၂)ကျပ်သိန်းကို ထုတ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မူဆယ်မြို့နယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့်ဌာနဆိုင် ရာများ၊ မြို့နယ်စီမံကောင်စီ ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်မှ အသင်းသား များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၅၀) ကျော်တက်ရောက် ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်