Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ် သာယာကုန်းကျေးရွာ၌ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းသင်တန်းဖွင့်လှစ်


03 Aug,2023

ညောင်လေးပင်မြို့နယ် သာယာကုန်းကျေးရွာ၌ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းသင်တန်းဖွင့်လှစ်

ညောင်လေးပင်  ဩဂုတ်လ  ၃

                   ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက သာယာကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ညောင်လေးပင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးက အမှာစကားပြောကြားသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးကသင်တန်းသူများအနေဖြင့် သင်တန်းက သင်ကြားပို့ချပေးသော ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းသင်တန်းနှင့် ပတ်သက်သည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် အသက်မွေးကျောင်းလုပ်ငန်း တစ်ခုအဖြစ် အကျိုးရှိရှိနှင့် ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်အောင် လေ့လာသင်ယူစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး သင်တန်းသူများအနေဖြင့် သင်တန်းပို့ချမည့် ဘာသာရပ်ဆိုင်ရာများကို စနစ်တကျ လေ့လာသင်ယူစေလိုကြောင်း ပြောကြားသည်။

ထိုနောက် သင်တန်းနည်းပြ ဆရာမများက သင်တန်းတွင် ပို့ချမည့် ‌ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းအမျိုးမျိုးတို့ကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့  ညောင်လေးပင်ခရိုင်၊ မြို့နယ် တာဝန်ရှိသူများ၊ သာယာကုန်းကျေးရွာမှ ရွာမိရွာဖများနှင့် သင်တန်းသား ၂၀ဦး တက်ရောက်ကြပြီး သင်တန်းတွင် ကျွမ်းကျင်နည်းပြနှစ်ဦးက သင်တန်း နည်းပြများက ခေါင်းလျှော်ရည်နှင့် ဆပ်ပြာချက်နည်းအမျိုးမျိုးကို ယနေ့မှ ဩဂုတ်လ ၉ ရက်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း ညောင်လေးပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီးထံမှ သိရသည်။

 

ဖြူလေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm