တောင်သာ၊ ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တောင်သာမြို့နယ်၊ ဆင်ဖြူကျေးရွာ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကား ပြောကြားပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်က ချေးငွေကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေမှ သမဝါယမကဏ္ဍအနေဖြင့် ဆင်ဖြူကျေးရွာရှိ အသင်းသားတောင်သူ (၂၅) ဦး၏ မိုးစပါး စိုက်ဧက(၁ဝ၅)ဧကအတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများဖြစ်သည့် စမ်းဝတီသဘာဝမြေဩဇာ၊ ပုလဲဓါတ်မြေဩဇာများကို မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူ များအား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်