ငဖဲ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက် နေပြည်သူများ၏ သွားလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ပဒါန်း-ငဖဲ-စေတုတ္တရာ-အောင် ပင်လယ် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငဖဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်မာသန်းနှင့် တာဝန်ခံ အင်ဂျင်နီယာများက ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ပဒါန်း- ငဖဲ - စေတုတ္တရာ အောင်ပင်လယ်ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး မြေပြင်တိုင်းတာခြင်း လုပ်ငန်း များ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဒါန်း- ငဖဲ -စေတုတ္တရာ- အောင်ပင်လယ် ကျေးရွာချင်းဆက်လမ်းမှာ အရှည် ၇ ဒသမ ၈၇ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၂ လက်မဖြစ်ပြီး အဆိုပါလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေ ၂၄၃ ဒသမ ၃၅ သန်းဖြင့် ယခုဘဏ္ဍာနှစ်တွင် ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ၍ အပြီးဆောင်ရွက် သွားမည် ဖြစ်ကြောင်း ငဖဲမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်မာသန်းက ပြောပြ၍ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်