လေးမျက်နှာ ဇူလိုင် ၃ဝ
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်လျက်ရှိသော မိုးကုတ်(စိန်တောင်) တံတားဆောက်လုပ်နေမှုနှင့် စောပြာ-လှော်ကထားလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၂၉ ရက်က ကွင်းဆင်းစစ်ဆေးသည်။
နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ စစ်ဆေးရေးအရာရှိချုပ် ဦးရဲခေါင်ထွန်း၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲမှ ဦးစီးအရာရှိ(မြို့ပြ) ဦးမောင်မောင်မိုးဝင်းတို့က ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၄ဝ၅ ဒသမ ဝဝ သန်းဖြင့် ရုံးချုပ် တံတား တည်ဆောက်ရေးဌာနခွဲက တာဝန်ယူဆောက်လုပ်လျက်ရှိသော မိုးကုတ် (စိန်တောင်) တံတားအရှည် ပေ ၉၀၊ အကျယ် ပေ ၂၀ ရှိ ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးမြင့်လင်းက တံတားတည်ဆောက်ပြီးစီးမှုကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၁၀၀ ဒသမ ၈၃၂ သန်းဖြင့် လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော စောပြာ- လှော်ကထား လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ရှင်းလင်းတင်ပြမှုအပေါ် မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်