Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနား


31 Jul,2023

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိုးရာသီ အားကစား(ဖူဆယ်)ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို တက္ကသိုလ် ဘောလုံးကွင်း၌ (၃၁.၇.၂၀၂၃)ရက်နေ့ ညနေ (၁၆း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု) ဌာနများမှ ဌာနမှူးများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီ မှ အဖွင့်အမှာ စကားပြောကြားရာတွင် ပြိုင်ပွဲတွင် အနိုင်မခံအရှုံးမပေးသော အားကစား စိတ်ဓါတ်အပြည့်ဖြင့် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမား မောင်မယ်များကို အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ အားကစားပွဲကို အစအလယ်အဆုံး စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့သည့် အားကစားကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြီးကြပ်အဖွဲ့ နှင့် ဒိုင်အဖွဲ့များ၊ အားကစားပွဲ အောင်မြင်စွာ ကျင်းပနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် သင်တန်းရေးရာဌာနနှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲမှရရှိသော အကျိုးကျေးဇူးများကို ဆက်လက် ထိန်းသိမ်းထား၍ အနိုင်မခံအရှုံးမပေးသည့် စိတ်ဓါတ်အပြည့်ဖြင့် တက္ကသိုလ်အဆင့်မှသည် ပြည်နယ်နှင့်တိုင်းအဆင်ဆင့်မှ ဝန်ကြီးဌာနပေါင်းစုံ ယှဉ်ပြိုင်သည့် အခါတွင်လည်း အနိုင်ရရှိအောင် ကြိုးစားကြရုံသာမက နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် အားကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် ဆုရရှိသည့် ဘောလုံး(ဖူဆယ်)ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသား ဘောလုံးအသင်းများ နှင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိသည့် အမျိုးသမီးဘောလုံး အသင်း များကို ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ပါမောက္ခ ဌာနမှူးများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm