Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်အနုပညာအသင်း၊ ကဗျာဆောင်းပါး၊ ဝတ္ထုရေးသားနည်း၊ ပန်းအလှထိုးနည်း နှင့် အကအခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ


31 Jul,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်အနုပညာအသင်းမှ ဦးဆောင် ဖွင့်လှစ်သော ကဗျာဆောင်းပါး၊ ဝတ္ထုရေးသားနည်း၊ ပန်းအလှထိုးနည်းနှင့် အကအခြေခံသင်တန်း ဆင်းပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၃၁.၇.၂၀၂၃)ရက်နေ့ နံနက် (၁ဝး၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊ သင်တန်း၊ သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ အလှူရှင်များ၊ သင်တန်းသား၊ သင်တန်းသူ၊ ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ တက္ကသိုလ်မှ စာပေကိုသာမက ကျောင်းများတွင် ဖွင့်လှစ်သည့် သင်တန်းများကို ပါဝင်ရခြင်းကြောင့် စာပေရေးသားနည်း၊ ပန်းအလှထိုးခြင်း နည်းပညာများကို တတ်မြောက်စေမည့်အပြင် စာဖတ်အား ကောင်းစေရန်၊ ဆန်းသစ်သော အတွေးအခေါ် အသိအမြင်များရလာစေရန်၊ ပူးပေါင်းဆောင်ရွက်သော အလေ့အကျင့်ရလာစေရန်၊ ဘွဲ့ရပြီးနောက် မိမိဒေသတွင် ပြန်လည် အကျိုးပြုနိုင်သလို တပိုင်တနိုင်လုပ်ငန်းများဖြင့် လုပ်ကိုင်လာနိုင်ရန်၊ သုတရသ အပြည့်ဖြင့် စာဖတ်သူများ၏ စိတ်ကို ဆွဲဆောင်နိုင်သည့် အရေးအသားကောင်းများ ရေးသားတတ်စေရန်၊ မိမိသင်ယူထားသည့် အသိပညာဗဟုသုတများကို မျှဝေဖြန့်ဖြူး၍ ပြန့်ပွားအောင်လည်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးနောက် သင်တန်းကို‌ အောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ဦးဆောင်ပေးသည့် တက္ကသိုလ် အနုပညာ အသင်းဥက္ကဋ္ဌနှင့် ဆရာဆရာမများ ၊ သင်တန်းတွင် သင်ကြားပို့ချပေးသည့် ဆရာ၊ ဆရာမများ၊ အလှူရှင်များ၊ သင်တန်းဖြစ်မြောက်အောင် အဘက်ဘက်မှ ကြိုးစား အားထုတ်ပေးခဲ့ကြသည့် စီမံရေးရာဌာနနှင့် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများ အားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင် သင်ကြားပေးခဲ့သည့် သင်တန်းဆရာမများ၊ ဆရာလေး ဒေါ်သုတစာရီ ၊ သာသနဓဇဓမ္မာစရိယ၊ မင်္ဂလာရာမ သီလရှင်စာသင်တိုက်နှင့် အလှူရှင်များဖြစ်သည့် “ထူးထက်နိုင်” ကျောက်မျက်ကုမ္ပဏီ ကိုချမ်းအေးထိုက်+မကေသီဦး ညီမ မဝင်းဝင်းခိုင်တို့အား ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး သင်တန်းသား/သင်တန်းသူများမှ “ကဗျာသွင်းအက”ဖြင့် ဖျော်ဖြေခဲ့ပြီးနောက် အခြေခံအကသင်တန်း၊ ကဗျာဆောင်းပါးဝတ္ထုတို အခြေခံသင်တန်း နှင့် အခြေခံ ပန်းအလှထိုး သင်တန်း တို့တွင် ထူးချွန်ဆုရရှိခဲ့သည့် သင်တန်းသား၊ သင်တန်းသူ (၆)ဦးတို့အား ဆုများချီးမြှင့်ပေးအပ်ခြင်းခဲ့ပြီးနောက် သင်တန်းဆင်းလက်မှတ်များကိုပါ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် အခြေခံအကသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများမှ “မင်္ဂလာပါ” တေးသီချင်း၊ “အချစ်ရဲ့ကိုယ်ရံတော်”တေးသီချင်းတို့ဖြင့် ဧည့် ပရိတ်သတ်များကို တေးသရုပ်ဖော် တင်ဆက်ဖျော်ဖြေခဲ့ကြပြီးနောက် အခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁)လတာကြာမြင့်ခဲ့ပြီး  ကဗျာဆောင်းပါး၊ ဝတ္ထု ရေးသားနည်းသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၁၁)ဦး၊ အခြေခံ ပန်းအလှထိုးနည်း သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ(၃၀)ဦး နှင့် အခြခံအကအခြေခံသင်တန်း သင်တန်းသား၊ သင်တန်းသူ (၁၁)ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ (၅၂)ဦး တက်ရောက်ခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm