Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရွှေကူမြို့နယ်၌ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းနေမှု ကွင်းဆင်းစစ်ဆေး


02 Aug,2023

ရွှေကူ ဩဂုတ် ၁

         ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးမိုင်းရင်နှင့်တာဝန်ရှိသူများက ရွှေကူမြို့နယ်အတွင်းရှိ ပန်းတင်-မြိုင်သာ-လမ်းကူး-ခေါလဲ-တာလီ-စင်းဖုတ် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးအရာရှိ(မြို့ပြ) ဦးမိုင်းရင်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

        အဆိုပါကျေးရွာချင်းဆက်လမ်းမှာ အရှည် တစ်မိုင်၊ အကျယ် ၁၆ ပေနှင့် အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် ၅၀၉ ဒသမ ၂၄၅ သန်းဖြင့် ရွှေကူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ပထမပတ်မှစတင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၄၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

မင်းမြင့်မိုရ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm