Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ


31 Jul,2023

ကံမ၊ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သမဝါယမ အသင်းစုလီမိတက်၏ အစည်းအဝေးခန်းမ၌ ကံမမြို့နယ် အစိုးရဝန်ထမ်းများငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်  နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးကို ကျင်းပပြုလုပ်ရာ သမဝါယမဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကနှင့် အမှုဆောင်များ၊ အစိုးရဝန်ထမ်းများငွေစုငွေချေးသမဝါယမ အသင်းလီမိတက်ဥက္ကနှင့် အမှုဆောင်များ၊ အသင်းသူအသင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသူဆန်းနှင့် ကံမမြို့နယ် အစိုးရဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလီမိတက်ဥက္က ဦးအောင်ဆန်း တို့က အသင်း၏ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်းနှင့် ကံမမြို့နယ်၌ အောင်မြင်မှု အမြင့်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အမှာစကားများ ပြောကြားပြီးနောက် ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် အသင်းဝင်များ၏ သားသမီး များအား ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကံမမြို့နယ် အစိုးရဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်အား ၁၉၆၂  ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်အထိ သက်တမ်း ၆၁ နှစ် ပြည့်မြောက်၍ အသင်းသား ဦးရေ ၅၁၈ ဦးဖြင့် မတည်ရင်းနှီးငွေကျပ်(၁၁၆၈)သိန်း ရှိကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွက် အသားတင်အမြတ်ငွေကျပ် ၁၉ သိန်းကျော်နှင့်    အသင်းသားများသို့ စုဆောင်းငွေအပေါ် ပြန်အမ်း ငွေ အစုပေါ်အမြတ်ကျပ် ၆၆ သိန်း ထုတ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm