စဉ့်ကိုင်၊ ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကို ကံကြီးကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက အမှာစကားပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်ခင်မြတ်ကြူက ချေးငွေကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးစိန်သောင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးရ သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
စဉ့်ကိုင်မြို့နယ် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေမှ သမဝါယမကဏ္ဍအနေဖြင့် ကံကြီးကျေးရွာ၊ ရွှေကာကျေးရွာ၊ ဉယျာဉ်ကြီးကျေးရွာမှ သမဝါယမ အသင်း(၃)သင်းမှ အသင်းသားတောင်သူ(၁၁၇)ဦး၏ စပါးစိုက်ဧက(၅၀၀)အတွက် တစ်ဧက လျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသောသွင်းအားစုများဖြစ်သည့် မျိုးစပါး၊ စမ်းဝတီသဘာဝမြေသြဇာ၊ ပုလဲဓာတ်မြေသြဇာ ကို မိုးစပါးစိုက်သမဝါယမအသင်းသားတောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်