သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သမဝါယမပညာဌာနနှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဘွဲ့နှင်းသဘင်ခန်းမ၌ (၂၆.၇.၂၀၂၃)ရက်နေ့ နေ့လည် (၀၃း၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာမို့မို့ရီ၊ သင်ကြား ရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အုပ်ချုပ်ရေးဌာနများဖြစ်သည့် (စီမံ၊သင်တန်း၊သုတေသနနှင့်ဖွံ့ဖြိုးမှု)ဌာနများမှ ဌာနမှူးများ၊ စစ်ကိုင်းခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် သင်တန်းသား၊ သင်တန်းသူများဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ စုံစုံညီညီတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းဖြစ်မြောက်အောင် အဘက်ဘက်မှ ကူညီဆောင်ရွက်ပေးပါသော စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်အောင် ဦးဆောင် ဆောင်ရွက်ပေးသည့် သမဝါယမပညာဌာနမှ ဌာနမှူးနှင့် ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါကြောင်း သင်တန်းသူ၊ သင်တန်းသားများ အနေဖြင့် သင်တန်းတွင် သင်ယူဆည်းပူးခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာများကို အကျိုးရှိရှိ အသုံးချ၍ တက္ကသိုလ်မှ ဘွဲ့ရသွားပြီးနောက် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ထူထောင်ပြီး တိုင်းပြည် စီးပွားရေး တိုးတက်အောင် ကြိုးစားကြမည့် အနာဂတ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားကြရန် မှာကြားခဲ့ပါသည်။ ထို့ပြင် ဤသင်တန်းသည် နိုင်ငံတော်မှ ဆောင်ရွက်နေသော နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုနိုင်သော သင်တန်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာမို့မို့ရီမှ သင်တန်းမှ သင်ကြားပေးသည့် ဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း၊ စစ်ကိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီးနောက် စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူမှ သင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ် တစ်ဦးအား သင်တန်းကာလအတွင်း ပြုလုပ်ခဲ့သော Bakery များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးစီးခဲ့ပါသည်။ အခမ်းအနားပြီးသည့်နောက် တက်ရောက်လာသည့် တာဝန်ရှိ ဧည့်သည်များနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းမှ လက်တွေ့ပြုလုပ်ထားသည့် ကိတ်မုန့်၊ ပေါင်မုန့်များဖြင့် တည့်ခင်းဧည့်ခံခဲ့ကြပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။