Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရခိုင်ပြည်နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ထမ်းများ ဝါဆိုသင်္ကန်းဆက်ကပ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်


28 Jul,2023

စစ်တွေ ဇူလိုင် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက် ဦးစီးဌာန (၄) ခုမှ ဝန်ထမ်း များ၏ စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ မန်ကျည်းမြိုင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဒုတိယဝန်ကြီး ဦးမြင့်စိုး တက်ရောက်၍ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် ဝန်ထမ်းများသည် မန်ကျည်းမြိုင်ကျောင်းတိုက် ပရဝုဏ် အတွင်း သစ်ပင်ခြုံနွယ်များ ရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကာ ကုသိုလ်ပြုခဲ့ကြ ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm