ပဲခူး၊ ဇူလိုင်လ ၂၇ ရက်
ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ အမျိုးသမီးများအတွက်ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်း အကောင်အထည်ဖော်မည့် ပဲခူးမြို့၊ ပဲခူးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသင်တန်းခန်းမတွင် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်နည်းပညာသင်ကြားပေးရန်အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၇-၇-၂၀၂၃) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် အချိန်တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့် သင်တန်းသူ(၁၅)ဦးတို့ တက်ရောက်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးအား လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ကာ အခမ်းအနားတက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် (၉:၅၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။
သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် ရာသီပေါ်သီးနှံများဖြစ်သည့် သရက်သီး၊ သင်္ဘောသီး၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံသီး၊ သံပုရာသီး၊ နာနတ်သီးနှင့် ဇီးသီးခြောက် စသည်များကို ယိုနှင့် ဖျော်ရည်ပြုလုပ်ခြင်း၊ ဂျယ်လီနှင့် ပြောင်းဖူးပေါက်ပေါက် ပြုလုပ်နည်းများကို စာတွေ့လက်တွေ့ (၅)ရက်ကြာ ပထမအကြိမ် သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။
အဆိုပါကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်အောင် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်