Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မောင်တောမြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဝန်ထမ်းများနှင့် တွေ့ဆုံ


31 Jul,2023

မောင်တော ဇူလိုင် ၂၈

           သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေသည် ဇူလိုင် ၂၆ ရက်က မောင်တောခရိုင်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန လေးခုမှ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

     ထိုသို့တွေ့ဆုံစဉ် အင်ဂျင်နီယာချုပ်က ဝန်ထမ်းများအနေဖြင့် ဌာနမှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ ယင်းနောက် ဌာန တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ အင်ဂျင်နီယာချုပ်က လိုအပ်သည်များ မှာကြားပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm