ပေါင်၊ ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အသင်းနာယက ဦးမြင့်အောင်က အလုပ်ဆိုတာ ဘယ်အရာမဆို စေတနာထားပြီး အလုပ် လုပ်ကိုင်လျှင် ထိရောက်အောင်မြင်နိုင်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန်းနိုင်က ယခုဆိုလျှင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေလုပ်နေသည့် ကျေးရွာများတွင် သမဝါယမအသင်းသစ်ခွဲများ ဖွဲ့စည်း၍ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ အသင်းစုမှ ဦးအေးမင်းက မြို့နယ်အကျိူးတူ၊ ပေါင်မြို့နယ် အသင်းစု BOD အဖွဲ့သည် မွန်ပြည်နယ်မှာ ထက်မြက်တဲ့အဖွဲ့ဖြစ်တဲ့အတွက် ကြိုးစားမှုတွေကို ဆက်လက်ထိန်းသိမ်းပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး တင်ပြသည်။ ထို့အပြင် အသင်းသားများ၏သားသမီးများအား ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲအောင်မြင်သူများနှင့် ဂုဏ်ထူးရရှိသည့် ကေျာင်းသား/သူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်