Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၁၆) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပ


28 Jul,2023

သန်လျင် ဇူလိုင် ၂၈

            ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်၊ နံနက် (၁၀:၀၀) နာရီတွင်  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌    တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍  မိမိတို့၏  မွန်မြတ်သောစိတ်စေတနာကိုအရင်းခံကာ လူတို့၏အသက်ကို ကယ်တင်ပေးနိုင်ရန်နှင့် လူမှုအဖွဲ့ အစည်းကို အကျိုးပြုနိုင်ရန်ရည်ရွယ်၍ (၁၆)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

          စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲ နာယက၊ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ ဒုတိယပါမောက္ခချုပ် များ၊ သင်ကြားစီမံဌာနများမှ  ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဌာနများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ  တက်ရောက်ခဲ့ကြပြီး  ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊  အမျိုးသားသွေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်၊ ဆရာဝန်များ၊  သူနာပြုများနှင့်  ဆေးဘက်ဆိုင်ရာအဖွဲ့များက သွေးပုလင်းများ လက်ခံပေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဝန်ထမ်းများ စုစုပေါင်း(၂၁၀) ဦးတို့က သွေးပုလင်းပေါင်း (၁၁၅)ကို  လှူဒါန်းကြပါသည်။ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ၂၀၀၅ ခုနှစ်မှ စတင်ပြီး နှစ်စဉ် စုပေါင်းသွေးလှူဒါန်းပွဲကို ပြုလုပ်ခဲ့ရာ သွေးပုလင်းပေါင်း (၁,၆၉၉) ကို လှူဒါန်းခဲ့ပြီးဖြစ်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm