Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ (၁၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား


28 Jul,2023

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊
(၁၂) ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနား
~~~~~~~~
၂၈.၇.၂၀၂၃
~~~
ဘွဲ့နှင်းသဘင်ခန်းမ

 သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၏ (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူး၍ ဘွဲ့နှင်းသဘင်ခန်းမ၌ နံနက် (၉း၀၀)တွင် ကျင်းပ ခဲ့ပါသည်။ အခမ်းအနားကို ရွှေသမားကျောင်းတိုက် ဆရာတော်ဘုရား၊ ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမို့မို့ရီ၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းနိုင်ထွန်း၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများမှ ဧည့်သည်တော်များ၊ အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများ၊ သင်ကြားရေးဌာနများမှ ပါမောက္ခဌာနမှူးများ၊ သင်တန်း၊ စီမံ၊ သု/ဖွံ့ဌာနများမှ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်း များနှင့် ကျောင်းသား /ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။
 အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နံနက်(၉း၀၀)တွင် သြကာသကန်တော့ချိုးနှင့် ငါးပါးသီလ ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ ဆက်လက်၍ ဆရာတော်ဘုရားမှ အနုမောဒနာ တရားကို အကျဉ်းဟောကြားခဲ့ပြီး၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ၊ ဌာနမှူးများ၊  သင်တန်းရေးရာဌာနမှူး များမှ ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ် လှူဒါန်း ခဲ့ကြပါသည်။ ထို့နောက် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်မြတ်များကို ရွတ်ဖတ်ပူဇော်ကြပါသည်။ ဆက်လက်၍ ရွှေသမားဆရာတော်ကြီးမှ ရေစက်ချတရားကို ချီးမြှင့်ပေးခဲ့ပြီး လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အမျှအတန်းများ ပေးဝေခဲ့ကြသည်။ ယင်းနောက် ပါမောက္ခချုပ်ဆရာမ ကြီး ဦးဆောင်၍ ပင့်သံဃာတော်(၅)ပါးတို့အား နေ့ဆွမ်း၊ အချိုပွဲတို့ကို ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာ‌သော ဧည့်သည်တော်များကို နေ့လည်စာဖြင့် ကျွေးမွေး ဧည့်ခံခဲ့ပါသည်။ 
ထို့အတူ နံနက်(၈း၀၀)နာရီမှစ၍ ကျောင်းသား/ကျောင်းသူများနှင့် ဝန်ထမ်းမိသားစုများအား မြသရဖီ ခန်းမတွင် ကြာဇံဟင်းခါးဖြင့် ဧည့််ခံကျွေးမွေးခဲ့ကြပြီး ပျော်ရွှင်စွာသုံးဆောင်ခဲ့ကြပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm