Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် (၂၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ


26 Jul,2023

သန်လျင် ဇူလိုင် ၂၆

          သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ (၂၅) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ကျောင်းတိုက်၊ သိမ်ကျောင်းစာသင်တိုက်၊ အောင်တံခွန်ကျောင်းတိုက်၊ အောင်ဓမ္မရိပ်သာကျောင်းတိုက်နှင့် နရိန္ဒာရာမိက ကျောင်းတိုက်မှ ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြည်ညိုကြပါသည်။

          ထို့နောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ကျင်းပရာ သိမ်ကျောင်း စာသင်တိုက်မှ ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏထံမှ ပါမောက္ခချုပ် အမှူးပြုသော ဆရာ၊ ဆရာမများ၊ အရာထမ်း၊ အမှုထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများက ငါးပါးသီလ ခံယူဆောက်တည်၍ ဝါဆိုသင်္ကန်း၊ ဆန်၊ ဆီ၊ ဆား၊ ဆေးနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ် တရားတော်များနှင့် အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။ အခမ်းအနားအပြီးတွင် တက္ကသိုလ်မိသားစုများမှ ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ မိသားစုများ၏ (၂၅) ကြိမ်မြောက် ဝါဆိုသင်္ကန်း လှူဒါန်းပွဲ အခမ်းအနားတွင် ပစ္စည်းနှင့်လှူဒါန်းငွေ စုစုပေါင်းတန်ဖိုး (၂၃၂၆၄ဝဝိ/-) ကျပ် ပါဝင် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm