Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


25 Jul,2023

မကွေး  ဇူလိုင်လ ၂၅ ရက်

          မကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အသေးစား၊အငယ်စားစီးပွားရေးလုပ်ငန်းများပေါ်ထွန်းလာစေရေးဆောင်ရွက်မည့်လုပ်ငန်း အကောင်အထည်ဖော်မည့် မကွေးမြို့နယ်၊‌ ညောင်ပင်သာကျေးရွာတွင် ဒုတိယအကြိမ်မွမ်းမံ တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာ(Bakery)သင်ကြားပေးရန်အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၅-၇-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ မ‌ကွေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များပြောကြားခဲ့ပြီး  မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူးမှ  သင်တန်းအဖွင့်အမှာစကားများပြောကြားခဲ့ပါသည်။

အဆိုပါကျေးရွာ၌ ပထမအကြိမ်တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာ(Bakery)အား ၂၃-၆-၂၀၂၃ ရက်နေ့မှ ၂၉-၆-၂၀၂၃ ရက်နေ့ထိ သင်ကြားပေးခဲ့ပြီး လုပ်ငန်းထူထောင်မည့်သူများအနေဖြင့် ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် ဒုတိယအကြိမ်မွမ်းမံ တန်ဖိုးမြှင့်စားသောက်ကုန်နည်းပညာ (Bakery)အား ထပ်မံသင်ကြားပေးခြင်းဖြစ်ပါသည်။

ထို့နောက် သင်တန်းသားများအနက် အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့် အညီရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm