Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊၂၀၂၃ ခုနှစ်၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်း အနားကျင်းပခြင်း


21 Jul,2023

   ၂၀၂၃ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)၊ ဘက်စုံသုံးခန်းမ၌ (၂၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်   ပါမောက္ခချုပ်၊ ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/ စီမံ(၁၄)ဌာနမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ (အရာထမ်း/အမှုထမ်း)၊ သန်လျင်မြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်နှင့် အဖွဲ့ဝင်များ၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)ရှိ ပညာသင်ကြားနေသော   ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(  ၂၀၀ ) ဦးခန့် တက်ရောက်ခဲ့ပါသည်။

   အဆိုပါ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ သင်ကြား/ စီမံ(၁၄)ဌာနမှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဘက်စုံသုံးခန်းမရှေ့ညာဘက်ခြမ်း၊ ဆောက်လုပ်ဆဲ Social Innovation Support Unit (SISU) မျက်နှာစာ၊ ဘေးဝဲယာတို့၌ သပြေဘူတနှင့် စိန်ပန်းပြာ အလှပန်းပင်(၁၂၀)ပင်ကို စိုက်ပျိုးခဲ့ပါသည်။ သစ်ပင်စိုက်ပျိုးခဲ့သော  ကျောင်းသား၊ ကျောင်းသူများအား ကောက်ညှင်းပေါင်း နှင့် အအေး ဧည့်ခံကျွေးမွေးပြီး အခမ်းအနားကို နံနက်(၉:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm