Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများ အောင်မြင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ


27 Jul,2023

နေပြည်တော် ဇူလိုင် ၂၇

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံ စေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီ ဆီစက်များလည်း လိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ ခေါင်းဆောင်ဖြစ်သော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာ အရာရှိများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး သည်။

အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာရှိ ကျော်သန်း ဆီစက်၊ ခရမ်းစပ်ကုန်းကျေးရွာရှိ စိန်စီဆီစက်နှင့် ဆရာစံရပ်ကွက်ရှိ ရန်နိုင်ဆီစက်သို့ သွားရောက်ပြီး ချေးငွေထုတ်ယူပြီးစီးမှုအခြေအနေ၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာသုံးစွဲမှု ရှိ/ မရှိတို့ကို ကြီးကြပ်စစ်ဆေးကာ လုပ်ငန်းအခက်အခဲများအပေါ် ဌာနဆိုင်ရာများ နှင့်အတူ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm