ပြင်ဦးလွင်၊ ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီးဈေးသမဝါယမအသင်းလီမိတက်၏ ရုံးအဆောက်အဦအသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကုန်သည်လမ်းနှင့် ခဲလယ်လမ်းထောင့်ရှိ ပြင်ဦးလွင် မြို့မဈေးကြီးအနီးတွင် ကျင်းပခဲ့သည်။ ရှေးဦးစွာ ရုံးအဆောက်အဦအသစ်အား ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်၊ အသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်နှင့် အတွင်းရေးမှူး ဦးအောင်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယခင်က မြို့မဈေးကြီးဈေးသမဝါယမအသင်းလီမိတက်၏ ရုံးခန်းကို မြို့မစျေးကြီးအတွင်း ဆိုင်ခန်းငှါးဖွင့်လှစ်ခဲ့ရာမှ အသင်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ရန်အတွက် ယခုကဲ့သို့ ရုံးအဆောက်အဦအသစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အသင်းတွင် အသင်းသား အသင်းသူ ၇၆၅ ဦးရှိပြီး ချေးငွေလုပ်ငန်းများကို ရက် ၃၀၊ ရက် ၆၀ နှင့် ၁ နှစ်ဆပ်တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်