တောင်ကြီး၊ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်သမဝါယမအသင်းစုမှ အသင်းအချင်းချင်းပံ့ပိုး ချေးငွေရယူ၍ မိုးစပါးစိုက်ပျိုးလျက်ရှိသည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ရာ ရွှေတောင်သူကြီးမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေးသမဝါယမအသင်းလီမိတက် ရှိ အသင်းသား ၂၂ ဦး၏ မိုးစပါးစိုက်ဧက ၅၃၀ အတွက် ငွေကျပ်သိန်း ၅၈၀ နှင့် ဝေဖြိုးလယ်ယာ နှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသား ၃၀ ဦး၏ မိုးစပါးစိုက်ဧက ၁၅၀ တို့အတွက် ငွေကျပ်သိန်း ၁၅၀ နှင့်ညီမျှသည့်သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့ပြင် ရွှေတောင်သူကြီးမျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးရေးသမဝါယမအသင်းလီမိတက်နှင့် ခမ်းရတနာနွားမွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့မှ GW–11 စပါး မျိုးအား ၁၀ ဧကစီ စိုက်ပျိုးထားရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်