မုဒုံ၊ ဇူလိုင် ၂၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြတ်ပညာငွေစုငွေချေးသမဝါယမ အသင်း(အခြေခံ) အရပ်ရပ်ဆိုင်ရာနှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ဇူလိုင် ၂၃ ရက် နေ့ နံနက် ၁၀ နာရီက အသင်းရုံး၌ ပြုလုပ်သည်။ ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးသန်းတင်က အမှာ စကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီထွန်းက အသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် အသင်းသား/သူများအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အသင်းဒုဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးမှူးတို့က အမှုဆောင် အဖွဲ့၏ အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားပေးခဲ့ပြီး တက်ရောက်လာကြသည့် အသင်းသားအုပ်စုခေါင်းဆောင်တို့မှ သဘောတူအတည်ပြုဆုံးဖြတ်ချက်များ ရယူခဲ့သည်။ ဆက်လက်၍ မြတ်ပညာငွေစုငွေချေးသမဝါယမအသင်းသား ၂,၂၃၄ ဦး၏ စုဆောင်းငွေ အပေါ်အတိုးကျပ် (၃၃၉,၃၉၆,၄၉၁)ကို အသင်းသားများကိုယ်စား အုပ်စုမှူးထံ ထုတ်ပေးခဲ့ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်