Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် တွင်းဟောင်းပြုပြင်ခြင်း (Drilling & Rehabilitation) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


24 Jul,2023

နေပြည်တော် ဇူလိုင် ၂၄

သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ရည်ရွယ်၍ စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် တွင်းဟောင်းပြုပြင်ခြင်း (Drilling & Rehabilitation) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆)၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကား ပြောကြားပါသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူ များက တစ်ဦးချင်းမိတ်ဆက်ကြပါသည်။

အဆိုပါ စက်ရေတွင်းသစ်တူးဖော်ခြင်းနှင့် တွင်းဟောင်းပြုပြင်ခြင်း (Drilling & Rehabilitation) သင်တန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ လေးဦး၊ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၁)ဦး၊  စုစုပေါင်းသင်တန်းသား(၂၅)ဦး တက်ရောက်ကြပြီး သင်တန်းကို ဇူလိုင်လ ( ၂၄ ရက်နေ့မှ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm