မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင် ရွက်ခဲ့သော အိုးပြင်မဲကျေးရွာနှင့် အိုင်းမကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်းမှာ မိုခါမုန်တိုင်း ဒဏ်သင့်၍ ပျက်စီးခဲ့ မှုကြောင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပြီးစီးနေမှု အခြေအနေများကို ဇူလိုင် ၂၂ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ်က အိုးပြင်မဲကျေးရွာ နှင့် အိုင်းမကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြန်လည်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး မင်းဘူးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးအောင်ဆောင်ရွက်မှု အခြေအနေများကိုရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်က ချဉ်းကပ်လမ်းရေရှည် အသုံးပြုနိုင်ရေး ကျေးရွာတာဝန်ရှိသူများနှင့်အတူထိန်းသိမ်းကြရန်နှင့် လိုအပ်သည်များကိုမှာကြားသည်။
မင်းဘူးမြို့နယ် အိုးပြင်မဲကျေးရွာနှင့် အိုင်းမ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ တံတားချဉ်းကပ်လမ်း ပြန်လည် ပြုပြင်ခြင်းလုပ်ငန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကျပ် ၁၈ သန်း အသုံးပြုပြီး မင်းဘူးမြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။
အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာ ၁၄ ရွာ၊ အိမ်ခြေ ၂၅၂၇ အိမ်၊ လူဦးရေ ၁၁၃ဝဝ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး တို့ဆောင်ရွက်ရာတွင် အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
ကိုညို(ကျေးလက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်