Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်ဘက်တော - ညောင်တန်းလမ်း မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး


24 Jul,2023

သရက် ဇူလိုင် ၂၂

              သရက်ခရိုင် ကံမမြို့နယ်ရှိ အင်ဘက်တော - ညောင်တန်းလမ်း (၁/၅) မိုင်တွင် မြေသားတာပေါင်ချဲ့ခြင်း လုပ်ငန်းနှင့် မြေနီခင်းခြင်း အကျယ် ၁၈ ပေ နှင့် ၈ လက်မထု ခင်းကြိတ်ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက် ပြီးဖြစ်ကြောင်းသိရသည်။

           ယင်းလမ်းပိုင်းကို ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ၆၁ ဒသမ ၇၅ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းပိုင်းအဆင့်မြှင့်တင် နိုင်ခဲ့သည့်အတွက် ယင်းလမ်းကို အသုံးပြု၍ ကျေးရွာလေးရွာမှ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် အမြန်ဆုံးဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဆင်းရဲမှုလျှော့ချ ရေးနှင့် ကျေးလက်နှင့် မြို့ပြကွာဟမှု လျှော့ချနိုင်ရေးကိုပါ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

        ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် ရေးဆွဲထား သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ နှစ်စဉ်အဆင့်မြှင့်တင်နိုင်ရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဇော်ဘီ


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm