ဝါးခယ်မ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၌ ကျုံမငေး-အောက်ပေကုန်း တံတားချဉ်းကပ်လမ်း ရေတိုက်စား မှုကြောင့် မြေပြိုကျမှုများဖြစ်ပွားရာ ဇူလိုင် ၂၀ ရက်က တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျုံမငေး-အောက်ပေကုန်း တံတားချဉ်းကပ်လမ်း ရေတိုက်စားမှုကြောင့် မြေပြိုကျမှုများ ဖြစ်ပွား သည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ညွှန်ကြားမှုဖြင့် ကျုံမငေးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်နှင့် ကျေးလက်လမ်းဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်နှင့်အဖွဲ့တို့က စစ်ဆေးရာ အလျားပေ ၁၀၀၊ အနံ ၁၀ ပေခန့်ရှိ ဘေးမြေသားပြိုကျခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်