ထန်းတပင်၊ မေ- ၁၈
ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့ပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာ ရေးများအတွက် များစွာအထောက်အကူ ပြုစေရန်ရည်ရွယ်၍ အင်းယားကြီးကျေးရွာအုပ်စု၊ ပန်းတောက်ကုန်းကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းအတိုးရရှိငွေ နှင့်ပြည်သူထည့်ဝင်ငွေများဖြင့်ဆောင်ရွက်သည့် ပန်းတောက်ကုန်းကျေးရွာအဝင်လမ်း သဲကျောက်စရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများက မေလ ၁၇ ရက်နေ့က ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး လက် ထောက်ညွှန်ကြားရေးမှူး- နည်းပညာ ဦးကျော်မျိုးအောင်နှင့်ဝန်ထမ်းများ၊ ကျေးရွာ လမ်းဖြစ်မြောက်ရေးကော်မတီဝင်များနှင့် အတူ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှု့စစ်ဆေးပြီးနောက် သတ်မှတ်ကာလအတွင်း စံချိန်းစံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေးအလေးထားဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၊ အင်းယားကြီးကျေးရွာအုပ်စု၊ ပန်းတောက်ကုန်းကျေးရွာ ၌ မြစိမ်းရောင်အတိုးရရှိငွေကျပ် ၅၂ သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၀ သိန်း စုစု ပေါင်း ကျပ် ၆၂ သိန်းအသုံးပြုပြီး အရှည် ၁၁၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိသော သဲကျောက်စရစ်ခင်းခြင်းကို ကျေး ရွာပြည်သူ လူထုကိုယ်တိုင် ၁၀ -၅ -၂၀၂၂ ရက်နေ့မှ စတင်ဆောင်ရွက်ခြင်းပြီး ၃၀.၅.၂၀၂၂ ရက်နေ့တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်း၊ ပန်းတောက်ကုန်းကျေး ရွာအဝင်လမ်း သဲ ကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင် ရွက်ပြီးစီးပါက အိမ်ခြေ ၁၃၀ မှ လူဦးရေ ၆၀၀ အကျိုးပြုမည်ဖြစ်ကြောင်း ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။