Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များရှိ မိုးစပါးစိုက်သမဝါယမအသင်းအဖွဲ့များနှင့် တွေ့ဆုံ


24 Jul,2023

နေပြည်တော် ဇူလိုင် ၂၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက် ပိုင်းက စစ်တွေမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာန (၄) ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပုံမှန်ရုံးလုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန်၊ ဦးစီး ဌာနအလိုက် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက တတ်နိုင်သမျှ ဆောင်ရွက် ပေးရန်၊ သင်တန်းများတက်ရောက်ရာတွင် ထူးချွန်စွာအောင်မြင်ရေး ကြိုးစားဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်ပြီး အဆိုပါရုံး၌ပင် ဒုတိယဝန်ကြီးသည် ပြည်နယ်သမဝါယမအသင်းစုချုပ် ဥက္ကဋ္ဌ နှင့်အတူ စစ်တွေမြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းအမှုဆောင်များနှင့် တွေ့ဆုံခဲ့ရာ သမဝါယမဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူးက ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့် အထွက်တိုး စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ မြေဩဇာနှင့် သွင်းအားစုများ အချိန်မီ ဖြန့်ဝေနိုင်ရေးအတွက် သမဝါယမအသင်းစုချုပ်နှင့် အသင်းများမှ ပံ့ပိုးကူညီပေးရေး၊ ရခိုင်ဒေသတွင် စိုက်ပျိုးရေး သမဝါယမအသင်းများ ဖွဲ့စည်းစိုက်ပျိုးမည့် စိုက်ဧက (၆,၁၁၈) ဧကအား အောင်မြင်အောင် စိုက်ပျိုး ရေး မှာကြားကာ အသင်းအမှုဆောင်များ၏ လုပ်ငန်းလိုအပ်ချက်များ တင်ပြမှုအပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ သွားရောက်ပြီး ချည်မျှင်နှင့် အထည်အလိပ် ကျွမ်းကျင်သူ (၁) နှစ်၊ သင်တန်းသူ (၁၁) ဦးနှင့် အခြေခံစက်ချုပ်နည်းပညာသင်တန်း (၁) လ၊ သင်တန်းသူ (၂၀) ဦးတို့အား တွေ့ဆုံအားပေးစကားပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm