Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်


24 Jul,2023

ပြင်ဦးလွင်   ဇူလိုင်လ ၂၄

          ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း(၇)ခုအနက်မှ ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု(OVOP) စီမံကိန်းအစီအစဉ်ဖြင့် အကောင်အထည်ဖော်မည့် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်(အရှေ့)ကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်(သီးနှံအခြေခံယို၊ဖျော်ရည်၊ဝိုင်)အမျိုးမျိုး လုပ်ကိုင်မည့်သူ(၁၀)ဦးအား တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၄-၇-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ‌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ ခရိုင်ကျေးလက်လမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြနှင့် သင်တန်းသူများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

            ထို့နောက် ‌ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်မှ သင်တန်းဖွင့်အမှာစကား ပြောကြား၍  မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ စီမံကိန်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီ အဖွဲ့ခေါင်းဆောင်ထံသို့ စီမံကိန်းလုပ်ငန်းတာဝန်အားပေးအပ်ခဲ့ပါသည်။

          အဆိုပါကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm