ကျောက်ဆည်ခရိုင်၊ ဇူလိုင်လ ၂၄ ရက်
ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်း(၇)ခုအနက်မှ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေးစီမံကိန်း အကောင်အထည်ဖော်မည့် ကျောက်ဆည်မြို့နယ်၊ အင်တိုင်းကျေးရွာ စက်ချုပ်လုပ်ငန်းလုပ်ကိုင်မည့်သူ (၁၅)ဦးအား အခြေခံစက်ချုပ်နည်းပညာသင်ကြားပေးရန်အတွက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၄-၇-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်စီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်းသူများ စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြပါသည်။
ထို့နောက် ကျောက်ဆည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်အမှာစကားပြောကြား၍ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ကျေးရွာစီမံကိန်းကော်မတီထံသို့ စီမံကိန်းလုပ်ငန်း တာဝန်အားလွှဲပြောင်းပေးအပ်ခဲ့၍ ကျောက်ဆည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသုံးပစ္စည်းများအား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးအား ပေးအပ်ခဲ့ပါသည်။
အဆိုပါကျေးရွာတွင် စက်ချုပ်နည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်စွာ တတ်မြောက်နိုင်ရေးအတွက် သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်နှင့်အညီရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှင့်ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်