မြစ်ကြီးနား၊ ဇူလိုင် ၂၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ခရိုင်ဝန်ထမ်းပေါင်းစုံ(ဂျီအီးစီ)ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်း အဝေးကို ပြည်နယ်အားကစားခန်းမ၌ ကျင်ပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အသင်းဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ အသင်းသား အသင်းသူများတက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် အသင်းမှ အစုပေါ်အမြတ်ငွေကျပ် ၁၀၇၉၀၀၀၀၊ စုဆောင်း ငွေပေါ်အတိုးငွေကျပ် ၁၇၉၄၉၂၅၀ ၊ စုစုပေါင်းငွေကျပ် ၂၈၇၃၉၂၅၀ ကို အသင်းသားများ သို့ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်