Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်အတွင်း ကျေးလက်လမ်း၊ တံတားများ အချိန်မီပြီးစီးနိုင်ရေးဆောင်ရွက်


21 Jul,2023

မြို့သစ် ဇူလိုင် ၂ဝ

             မကွေးခရိုင် မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်နေသည့် ပေပင်ရိုး၊ ပုဂံမျော်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်လမ်း၊ လမ်းအရှည်( ၀/ ၆.၁၃) မိုင်ကို ကွန်ကရစ်ခင်းခြင်း၊ အမာခံလမ်းပခုံးခင်းခြင်း ဆောင်ရွက်နေမှုအား အချိန်မီပြီးစီးနိုင်ရေးနှင့် လမ်းနယ်ရရှိမှု အခြေအနေများကို စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

           မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၀၃ ဒသမ ၇၉၁ သန်းနှင့် ဆောင်ရွက်လျက်ရှိသော ကျေးလက်လမ်း/ တံတားလုပ်ငန်းများ၊ ဆောင်ရွက်ရန် လျာထားသည့် ကျေးလက်လမ်း/ တံတားလုပ်ငန်းများနှင့် လမ်းနယ်ရရှိမှုအခြေအနေတို့ကို ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် ဦးထွန်းဝေ၊ မကွေးတိုင်းဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးအရာရှိ ဦးကျော်နိုင်ဦး ထံမှသိရသည်။

ကိုဇော်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm