Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညှိနှိုင်းအစည်းအဝေးကျင်းပ


20 Jul,2023

နေပြည်တော်၊ ၂၀ ဇူလိုင်လ  

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနနှင့် MoU ရေးထိုးဆောင်ရွက်နေသော ကိုရီယားနိုင်ငံမှ Foundation For Life And Culture Movement (FLCM) အဖွဲ့မှတာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁၄:၀၀) နာရီ အချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်က ဌာနနှင့် FLCM  အဖွဲ့တို့ ၂၂.၁၁.၂၀၁၉ ရက်နေ့မှ ၂၁.၂၂.၂၀၂၄ နှစ်ထိ (၅) နှစ်တာပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာရေးထိုးပြီးသည့် အချိန်မှစ၍ ယနေ့အချိန်ထိ ဆောင်ရွက်ခဲ့မှုအခြေအနေများအပေါ် သုံးသပ်ပြီး ညှိနှိုင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပါသည်။ ထို့နောက် အစည်းအဝေးသို့ တတ်ရောက်လာသည့် FLCM အဖွဲ့မှ တာဝန်ရှိသူများကလည်း ၎င်းတို့ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးကြပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ)က MoUပါ ညှိနှိုင်းခဲ့မှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပါသည်။

          အစည်းအဝေးတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် FLCM အဖွဲ့တို့ရှေ့ဆက်ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်ဖက်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်